31 C
Yangon

ဝက်လက်၊ အရာတော်နှင့် စစ်ကိုင်းမြို့ရှိ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

ဝက်လက်၊ အရာတော်နှင့် စစ်ကိုင်းမြို့ရှိ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်နှင့် စစ်ကိုင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၃ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ လှတောရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့ ဗဟိုရေကစား မဏ္ဍပ်ကို ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့နယ် ငွေတွင်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ရေကစားမဏ္ဍပ်ကို ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးထိခိုက်ဒဏ်ရာရရှိကာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်း ၃ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Shar Htoo WAW အဖွဲ့ ၏ နည်းပညာဖြင့် CDSOM အနောက်ပိုင်း တိုက်ခိုက်ရေး 001 တပ်ဖွဲ့၊ စစ်ကိုင်းခရိုင်း တပ်ရင်း(4) MSPDF၊ အညာသားပြောက်ကျား တပ်ဖွဲ့၊ ဝက်လက် အနောက်ခြမ်း ဗိုလ်ချုပ်ပြောက်ကျားတပ်ဖွဲ့၊ GZP တပ်ဖွဲ့၊ NDRF တပ်ဖွဲ့၊ MRTF တပ်ဖွဲ့နှင့် စစ်ကိုင်းခရိုင် ကွပ်ကဲရေးရုံး တို့မှ ညီနောင် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article