29 C
Yangon

သန်လျင်တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး နှင့် လူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

(သတင်းပြန်လည် ပြင်ဆင် ဖော်ပြခြင်း)

သန်လျင်တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး နှင့် လူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းရှိ နေအိမ်တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီထွန်းနှင့် လူ ၂ ဦး ပစ်ခတ် ခံရ‌ပြီး သေဆုံးသွားကြောင်းသိရှိရသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်ညီထွန်းနှင့် လူ ၂ ဦးတို့ စကားပြော နေကြစဉ် နေအိမ် အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရဲသတင်းရင်းမြစ်ကမူ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၃ ဦးတွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ညီထွန်းပါဝင်ကြောင်း ကျန် ၂ ဦးမှာ ဦးအောင်မျိုးဆွေနှင့် ဦးခင်မောင်သိန်း (ရေစက်မောင်းဝန်ထမ်း) တို့ဖြစ်ကြောင်း ပြောဆိုသည်။

အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီထွန်းသည် ခမရ ၄၅၆ ကွတ်ခိုင်မှ ဖြစ် ပြီး ကျန်းမာရေးမကောင်းသဖြင့် စစ်တပ်မှ နုတ်ထွက်ထားသူဖြစ်ကြောင်း၊ လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ညီအစ်အကို တော်စပ်သူဖြ စ် ကြောင်း သိရှိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးအောင်မျိုးဆွေသည် ဝမ်းဗိုက် ဝဲဘက် ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီ ထွန်း ၌ မေးစေ့ ဝဲဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ် ဖောက် ဝင် ဒဏ်ရာ (၁)ချက်ဖြင့်လည်းကောင်း၊ ဦးခင်မောင်သိန်း ၌ ဝဲရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း သေဆုံးခဲ့ကြောင်း ရဲကြေးနန်းစာအရ သိရှိရသည်။

သန်လျင်တွင် ပစ်ခတ်ခံရပြီးသေဆုံးသူ ဦးအောင်မျိုးဆွေသည် စစ်တပ်နှင့် ပတ် သက်မှုမရှိကြောင်း ၎င်း၏ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article