စစ်ကောင်စီလေတပ်နှင့်ဒေါက်တိုင်များကို အပြီးသတ်ချေမှုန်းနိုင်ရန် မြို့ပြပြောက်ကျား စစ်သည် တော် များနှင့် ပူးပေါင်းသွားမည်ဟု BWM ကြေညာ
ရန်ကုန်၊ ဧပြီ ၁၉
ပြည်သူလူထုအပေါ် လေကြောင်းမှတစ်ဆင့် တိုက်ခိုက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီ လေတပ်နှင့် ဒေါက်တိုင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် မြို့ပြပြောက်ကျားတပ်ဖွဲ့များကို ပူးပေါင်း ကူညီသွားမည် ဖြစ်ကြောင်း Brave Warriors Force Myanmar –BWM က ထုတ်ပြန် ထားသည်။
စစ်ပွဲစည်းကမ်း၊ စစ်တပ်၏ ဂုဏ်သိက္ခာ၊ စစ်သားတစ်ယောက်၏ ကျင့်ဝတ်များကို အကြိမ်ကြိမ်ချိုး ဖောက်၍ အပြစ်မဲ့ပြည်သူလူထု ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါမချန် လေကြောင်းမှ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီလေတပ်များ၊ ၎င်းတို့၏ နေအိမ်လိုင်းခန်များကိုပါ ထပ်မံ အချိုးကျတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ လေတပ်မိသားစုများအနေဖြင့် အကြမ်းဖက် စစ်ကောင် စီ တပ်မှ အမြန်ဆုံးစွန့်ခွာကြရန် အသိပေးကြောင်း ယင်းထုတ် ပြန်ချက် တွင်ဖော်ပြ ထားသည်။
BWM (Brave Warriors for Myanmar) အဖွဲအစည်းသည် မြန်မာ့နွေဦးတော်လှန်ရေး အစ ကနဦး က တည်း က ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းများအတွက် လိုအပ်သော လက်နက်၊ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှုများကို လိုအပ်သည့်အခါတိုင်း အချိန်နှင့်တစ်ပြေးညီမေတ္တာဖြင့် ကူညီပံ့ပိုးနေ သော ခိုင်မာ သည့်အဖွဲအစည်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ယခု အချိန်မှ စတင်ပြီး မြို့ပြစစ်ဆင်ရေးဆိုင်ရာ အပိုင်းကို အဓိက ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မြို့ပြ စစ် သည်တော်များအတွက် လိုအပ်သော အရာမှန်သမျှကို ထပ်မံကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ (Liberty Thunder) အားဖြင့်ဖြစ်စေ၊ (MKCDF)အားဖြင့်ဖြစ်စေ ၎င်းအဖွဲအစည်းတို့၏ ခိုင်မာသော ထောက်ခံမှုဖြင့် တောင်းခံလာသည့် ခိုင်မာတည်ကြည်သော မြိုပြစစ်သည်တော် မည်သည့်အဖွဲ အစည်းကိုမဆို မဟာမိတ် ညီနောင်စိတ်ဓာတ်အပြည့်ဖြင့် ကူညီပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အလားတူ ညီနောင်မဟာမိတ် အဖွဲအစည်းများကိုလည်း အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး အ ကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်တိုက်ထုတ်မည့် ပြည်သူဘက်မှ ရပ်တည်လျှက်၊ ပြည်သူ အများ စု၏ ကောင်းကျိုးကိုသာရှေ့ရှုဆောင်ရွက်နေသော မည်သည့်တော်လှန်ရေးအဖွဲ့ အစည်း ကိုမဆို (BWM) က ကူညီထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။
(BWM) သည် Mission ဖော်ဆောင်တိုင်း မည်သည့်အဖွဲအစည်းများကိုမှ အလှူငွေတောင်းခံခြင်း (အ လျဉ်း)မရှိသော ခိုင်မာတောင့်တင်းသည့် အဖွဲအစည်း တစ်ရပ်ဖြစ်ပြီး မိစ္ဆာအကြမ်းဖက် စစ်ကောင် စီ ထောက်တိုင်များနှင့် အကြမ်းဖက်စစ်ကောင်စီလေတပ်ကို အပြီးသတ် ချေမှုန်းရန် မိဘပြည်သူများ အနေဖြင့် မြိုပြပြောက်ကျား စစ်သည်တော်များနှင့် ပူးပေါင်း ပါဝင်ကြရန် BWM (Brave Warriors for Myanmar)က မေတ္တာရပ်ခံထားသည်။