CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ်ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်
■ စစ်ဒေသ ၄ ခု ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်မည်
ရန်ကုန်၊ ဧပြီ ၂၀
CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ် ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး စစ်ဒေသ ၄ ခု ဖွဲ့ စည်း ကာ စစ်အာဏာရှင်ကို တိုက်ထုတ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးကြိုးပျောက်ကျားတပ်ဖွဲ့ – အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲကို လွတ် မြောက်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မိုးကြိုးပျောက်ကျားတပ်ဖွဲ့ကို CDM တပ်မတော် အရာရှိများ ၊ ရဲအရာရှိများက ဦးစီး၍ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ကြောင်း၊ ယခုအခါ စစ်ဒေသ ၄ ခုဖွဲ့စည်းတည်ထောင်ထားပြီးဖြစ် ကြောင်း သိရှိရသည်။
မိုးကြိုးပျောက်ကျားတပ်ဖွဲ့ ၏ ရည်ရွယ်ချက်အနေဖြင့် အာဏာရှင်နှင့် မဟာ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေး ၊ ပင်လုံကတိကဝတ်ကိုလေးစားတန်ဘိုးထားရေး ၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာအပြည့်အဝရှိသည့် တိုင်းရင်းသားပြည်နယ်များပေါ်ထွန်းရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို လေးစားတန်ဖိုးထားရေး နိုင်ငံရေးဆိုင်ရာ မူဝါဒများဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။
![](https://yktnews.com/wp-content/uploads/2023/04/341854505_908714773715149_4362998854298409420_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/342065848_974652637239495_5851682242719187400_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/342174104_691679489430362_8118702675781436200_n.jpg)