33 C
Yangon

မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ထိုင်းလေတပ်က လည်း ထိုင်း-မြန်မာနယ်စပ်တွင် တိုက်လေယာဉ်များဖြင့် ကင်းလှည့်

Must read

မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ထိုင်းလေတပ်က လည်း ထိုင်း-မြန်မာနယ်စပ်တွင် တိုက်လေယာဉ်များဖြင့် ကင်းလှည့်

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာ အနီးတွင် ယနေ့ မွန်းလွဲပိုင်း မြန်မာစစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ပြီး ထိုင်း စစ် တပ် ကလည်း မဲဆောက်-မြ၀တီနယ်စပ်တွင် တိုက်လေယာဉ်များ ပျံသန်း မှုများ လုပ်ဆောင်ခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ် များက ပြောသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာ ပတ်၀န်းကျင် တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယနေ့တွင်လည်း တိုက်ပွဲပြင်းထန် ပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် ဗုံးကျဲမှုများ ရှိနေကြောင်း သိရှိရသည်။

“တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲတဲ့အသံတွေတော့ မြ၀တီမြို့ပေါ်ကနေ ကြားရ တယ်။ တ၀ုန်း၀ုန်းနဲ့ကို ကျဲနေတာ။ လက်နက်ကြီး ပစ်သံတွေ လက်နက် ငယ်ပစ်ခတ်သံတွေကတော့ ကြိုကြားကြိုကြား ကြားရတယ်။ ၃ ရက်ဆက် တိုက် ပစ်ခတ်သံတွေကြားနေရတာပါ” ဟု မြ၀တီမြို့ခံတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်တချို့ကလည်း ထိုင်းစစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်တချို့ဖြင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ကို ယနေ့ ကင်းလှည့်ကြောင်း၊ မြန်မာစစ်တပ်က တိုက်လေယာဉ် များဖြင့် မဲကနယ်ဒေသဝန်းကျင်ကို ဗုံးကျဲပြီးနောက် ထိုင်းလေတပ်ဘက်မှ တိုက်လေ ယာဉ် များကလည်း ထိုင်းနယ်စပ်တစ်လျှောက်ကို ပျံသန်းကြည့်ရှုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article