38 C
Yangon

ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နေအိမ်များကို မီးတင်ရှို့နေ

Must read

ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နေအိမ်များကို မီးတင်ရှို့နေ

ရန်ကုန်၊ ဧပြီ ၂၀

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နေအိမ်များကို မီးတင်ရှို့နေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ပြည်သူပိုင် နေအိမ်တချို့ မီးလောင်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” ပဇီကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ သုံးကြိမ် ဗုံးကျဲ တိုက်ခိုက် ပြီးတဲ့နောက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာထဲမှာရှိတဲ့ နေအိမ်အချို့ မီးစွဲလောင်နေတာ တွေ့မြင်ရတယ်။ ညနေ ၆ နာရီဝန်းကျင်မှာတော့ ပဇီကြီးကျေးရွာအနီး ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပဇီကြီးကျေးရွာကို ထပ်မံ မီးရှို့နေတယ်လို့ သိရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article