36 C
Yangon

ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး ဒဏ်ရာရ

Must read

ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ ကိုင်းကွင်းကျေးရွာအုပ်စု၊ သရက်ချဉ်ချောင်း‌ကျေးရွာအနီးတွင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး ထက် နည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။

ယနေ့ ဧပြီလ ၂၀ ရက် ညနေ ၃ နာရီခန့်က အင်အား ၂၇ ဦးဖြင့် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်း တာဝါ တိုင်မှတဆင့် ကိုင်းတွင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းထိုးလာမယ့် လမ်းကို ကြိုပြီး မိုင်းထောင် စောင့်ပြီး တိုက်ခဲ့တာ၊ စကစတွေက သိမ်ကုန်း ရွာက တာဝါတိုင်ကုန်းမှာ သင်္ကြန်အကြိုနေ့ကတည်းက ရောက်နေတာလို့ သိရတယ်၊ အဲဒီကနေ ကြို့ ကုန်း ကျေးရွာကို ထွက်လာတာကို ကြိုတင်သတင်းရတယ်၊ အသင့်စောင့်နေတာဆိုတော့ မိုင်းကွင်းထဲ ဖြတ်လာတဲ့အချိန် တိုက်နိုင်ခဲ့တာ၊ အသေအပျောက် မသိရသေးပေမယ့် ထိခိုက်မှုကတော့ ၃ ဦးထက် နိုင်တယ်” ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article