35 C
Yangon

ပုလောတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည့် ပြည်သူပိုင် ဆိုင်ကယ် ၆၀ နီးပါးကို ပြန်မပေးတော့ဘဲ ရောင်းစား

Must read

ပုလောတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည့် ပြည်သူပိုင် ဆိုင်ကယ် ၆၀ နီးပါးကို ပြန်မပေးတော့ဘဲ ရောင်းစား

ရန်ကုန်၊ ဧပြီ ၂၂

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီတပ်နဲ့ လက် အောက်ခံတွေက ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေကို ပြန်မပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ် မတ် နဲ့ ဧပြီ နှစ်လအတွင်းမှာ တို၊ပလ၊သင်္ကန်းတောရွာက လိုင်စင်မရှိတဲ့ ဆိုင်ကယ် တွေအပြင် လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကိုလည်း စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုင်ကယ်ပိုင်ရှင်နဲ့မြို့ခံတွေကဆိုပါတယ်။

ပိုင်ရှင်ကိုပြန်မပေးတဲ့ဆိုင်ကယ် စုစုပေါင်း ၆၀ လောက်ရှိပြီး အဲဒီဆိုင်ကယ် တွေကို မြိတ်မြို့ဘက်ကိုတွေ့လိုက်တယ်လို့ မျက်မြင်တွေ့ရှိသူ တွေက ပြောပါတယ်။

“လိုင်စင်စာအုပ် အိမ်ပြန်ယူပြီးသွားထုတ်တာ နောက်မှပေးမယ်လို့ ပြောပြီး နောက်တော့ ရောင်းစားလိုက်ကြတယ်”လို့ ဆိုင်ကယ်သိမ်းဆီးခံရတဲ့ ပလမြို့ ခံအမျိုးသားတစ်ဦးကပြောပါတယ်။

မြိတ်ဘက်ကို ဆိုင်ကယ်တွေသယ်သွားတာတွေ့လို့ လိုက်စုံစမ်းချိန်မှာ ရောင်း လိုက်ပြီဆိုတာသိခဲ့ရတယ်လို့သူကဆိုပါတယ်။

ဆိုင်ကယ်ဖမ်းပြီး မတရားသိမ်းဆည်း ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေဟာ တိုင်ကြားဖို့နေရာမရှိဘူးလို့လည်း ပြောပါတယ်။

ပုလောမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် နှစ်ဖက် တိုက်ပွဲတွေ ဖြစ်များလာပြီး ဆိုင်ကယ်တွေဖမ်းဆီးတာ အပြစ်မဲ့ပြည် သူ တွေကို ဖမ်းဆီးငွေကြေးတောင်းခံတာတွေ ပြုလုပ်နေကြပါတယ်။

စစ်အာဏာသိမ်းစကာလတွေမှာလည်း ထားဝယ်ခရိုင်ထဲက ဆိုင်ကယ်တွေကို အစီးရေ ရာ နဲ့ချီ ဖမ်းဆီးခဲ့ဖူးပြီး အများစုကိုပြန်မပေးခဲ့ပါဘူး။

ဓာတ်ပုံ- ယခင်နှစ်များတွင် စစ်တပ်နှင့်ရဲက ပြည်သူပိုင် ဆိုင်ကယ်များကို မတရား သိမ်းယူသည့် မြင်ကွင်း။ (ပုံ အဟောင်းဖြစ်သည်။)

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article