29 C
Yangon

ပေါင်းတည်မြို့နယ်တွင် ဗိုလ်မှူးနှင့် အရာရှိတချို့ လိုက်ပါသော ကားတန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံး

Must read

ပေါင်းတည်မြို့နယ်တွင် ဗိုလ်မှူးနှင့် အရာရှိတချို့ လိုက်ပါသော ကားတန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်ကုန်းအထိုင်စခန်းမှ ဗိုလ်မှူး နှင့် အရာရှိတချို့ ပါကားတန်းကို PDF တပ်များက တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်း တည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မရိုးကျွန်းကျေးရွာ နှင့် ဒိုးနွယ်ရွာ အကြားရှိ သစ် ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပေါက်ခေါင်းမြို့သို့ ပြန်ဆင်းသော စစ်ကားတန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင် (၃၆၀၁) PPDF တပ်ရင်း တပ်ခွဲ၃၊ တပ်ခွဲ၄၊ တပ်ခွဲ၅ ၊ တပ်ခွဲ ၁ တို့ပါဝင်သော Eagle စစ်ကြောင်းက ကြားဖြတ် တိုက် ခိုက်ခဲ့ကြောင်း၊ ဗိုလ်မှူး လိုက်ပါလာ​သော ကားနှင့်ဆိုင်ကယ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်ရာ နေရာတွင် စစ်သား ၃ ဦး သေဆုံးပြီး အခြား စစ်သား ၃ ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရှိရသည်။

သေဆုံးသူ စစ်သား ၃ ဦးထဲတွင်ဗိုလ်ကြီးတစ်​ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၃ ဦးတွင် ဗိုလ်မှူးပါဝင်ကြောင်း၊ သေဆုံးသွားသည့် အလောင်းများ၊ ဒဏ်ရာရသူ များ နှင့်ပစ်ခတ်ခံရသည်ကားကို ဧပြီလ ၂၁ ရက်နေ့ ည ၁၁ နာရီကျော်အချိန်တွင်​ကားအကြီးတစ်စီးပေါ်သို့တင်ဆောင်ကာပေါက်ခေါင်းဘက်သို့ထွက်သွားကြောင်း၊ တိုက်ပွဲဖြစ်ချိန် မိနစ် ၂၀ ခန့်ကြာပြီး စစ်တပ်က လက်နက်ကြီး လက်နက် ငယ်များ ဖြင့်ပြန်လည်ပစ်ခတ်သဖြင့် PDF ရဲဘော်တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်ဘက်မှ စစ်ကူ အင်အား ၂၀ ခန့် ထပ်မံ ရောက်ရှိလာသည့် အတွက် အလျင် အမြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article