29 C
Yangon

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ် စခန်း ၄ ခုကို တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေမှုန်းရှင်းလင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး

Must read

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ် စခန်း ၄ ခုကို တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေမှုန်းရှင်းလင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီ တပ် ၏ စခန်း ၄ ခုကို တစ်ပြိုင် နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေ မှုန်း ဖျက်ဆီးနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၁၆ ဦးသေ ဆုံး ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၅ နာရီ ၃၀ မိနစ် အတွင်း စစ်ကောင်စီတပ်၏ စခန်း ၄ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက် ခဲ့ရာတွင် စခန်း ၂ ခကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တပ် ၏ စခန်း ၄ ခုမှာ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင် စခန်း နှင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်း တို့ဖြစ်ကြောင်း KNU က ပြောသည်။

လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကေအဲန်ယူ-မူးမြို့ နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းကို တိုက်ခိုက်ချေမှုန်း နိုင် ခြင်းမရှိကြောင်း၊ ထိုစခန်းနှစ်ခုကို တိုက်ခိုက်ချေမှုန်း နိုင်ခြင်း မရှိသည့် အ ကြောင်း အရင်းမှာ စစ်သားများက စခန်းတွင်မနေဘဲ အပြင်ဘက်သို့ ပုန်း ရှောင် နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင် စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ ကြောင်း၊ KNLA တပ်မဟာ ၃ တပ်ပေါင်းစုဘက်မှ ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က အထိနာသဖြင့် လေကြောင်း တိုက် ခိုက် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ချေမှုန်းရှင်းလင်းခံရသည့် စစ်စခန်း ၄ ခုတွင် နယ်မြေခံတပ်များဖြစ်သော ခလရ-၆၀၊ ခမရ-၃၅၁အပြင် နောက်ထပ် အင်အား ထပ်မံ ဖြည့်တင်း လာသည့် တပ်များဖြစ်သော တပ်မ-၇၇နှင့် ခမရ-၅၉၈ တပ်တို့ တည်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article