37 C
Yangon

ရေစကြိုတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ပျူစောထီး ၁ ဦး ပစ်ခတ်ခံရကာ သေဆုံး

Must read

ရေစကြိုတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ပျူစောထီး ၁ ဦး ပစ်ခတ်ခံရကာ သေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရွာနှင့် ပခန်းငယ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ)ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်က ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်း ငယ်ရဲစခန်းဘက်သို့ အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ထွက်ခါသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးများကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို ပကဖ)မှ ၄ လုံးတွဲပဒေသာမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာမှ ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း Taung Latt People’s Defense Force- TLF PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၅ ရက် နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ဟင်္သာကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်နိုင်မိုး ၏ လက်ဦးဆရာတစ်ဆူဖြစ်ပြီး ဟင်္သာကျေးရွာကို ပျူစောထီးရွာအဖြစ် ပြောင်းလဲခဲ့သူ မောင်ခိုင်အား ငါးမြှားလေးကျေးရွာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ဦးမှု ရယူကာ သုတ်သင်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မောင်ခိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဟင်္သာကျေးရွာမှ လူငယ် ၆ ဦးဖမ်း ဆီးခံရမှု ၊ လူငယ်တစ်ဦး သတ်ဖြတ်ခံရမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ နေအိမ်ကို မီးရှို့မှု ၊ အခြားကျေးရွာများအား တစ်ရွာလျှင် လူငယ် ၁၅ ဦးနှုန်းစု၍ ပျူစောထီးဖွဲ့ရန် လှုံဆော်ပြီး စားနပ်ရိက္ခာ များထောက်ပံ့သယ်ယူနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Taung Latt People’s Defense Force- TLF PDF ၊ ညီနောင်သုံးဖေါ် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) Yso ၊ Taung Latt People’s Defense Force (Yso)တို့မှ ပစ်ခတ် ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး ငါးမြှားလေးကျေးရွာနေ ရွာပြည်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ၎င်းကို ပစ် ခတ်ရှင်းလင်းနိုင်ရန် အခြားသော မိတ်ဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ ရကြောင်း ထုတ်ပြန်ထားသည်။

Photo – ရေစကြို မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article