29 C
Yangon

ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁ ရွာ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် စစ်ကြောင်း မုံရွာဘက်သို့ ပြန်လည် ဆုတ်ခွာ

Must read

ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁ ရွာ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် စစ်ကြောင်း မုံရွာဘက်သို့ ပြန်လည် ဆုတ်ခွာ

ရန်ကုန်၊ ဧပြီ ၂၇

ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁ ရွာ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် စစ်ကြောင်း မုံရွာဘက်သို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့တွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ မှ ဆားလင်းကြီးမြို့နယ်ဘက်သို့ နန်ချွန် ဆိပ်ကမ်းမှ စက်လှေများဖြင့် ကူးလာကာ ပြည်သူပိုင် ကျေးရွာများကို စစ်ကြောင်း ထိုးစီးနင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းစစ်ကြောင်းသည် ၎င်းတို့ ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးနှင့် ခရီးသွား ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကာ ထန်းတောဆိပ်ရွာရှိ သစ်တောရုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ဆားလင်းကြီးမြို့ပေါ်ကို လာတဲ့စစ်ကြောင်း ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ထန်းတောဆိပ်ရွာရှိ သစ်တောရုံးကို မီးရှို့ပြီးတော့ အခု မုံရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article