28 C
Yangon

ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး

Must read

ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး

ရန်ကုန်၊ မေ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီးခဲ့​ကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။

မေလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာသည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၀၁ နယ်မြေတွင် ရှိပြီး အကြမ်းဖက် စစ်တပ်၏ နေပြည်တော်လေတပ် ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲချခြင်းဖြစ်​ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ဗုံးထိမှန်ပြီး ပြန်လည်ပြုပြင်လို့ မရသည်အထိ ပျက်စီးသွားကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article