29 C
Yangon

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ ရှေ့လုပ်ငန်းစဉ်များအတွက် အနှောင့် အယှက်ဟု အကြောင်းပြ၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၏ တွေ့ခွင့်ရရေး တောင်းဆိုမှုကို စစ်ကောင်စီ ပယ်ချ

Must read

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ ရှေ့လုပ်ငန်းစဉ်များအတွက် အနှောင့် အယှက်ဟု အကြောင်းပြ၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၏ တွေ့ခွင့်ရရေး တောင်းဆိုမှုကို စစ်ကောင်စီ ပယ်ချ

ရန်ကုန်၊ မေ ၈

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် အနှောင့် အယှက် ဖြစ်စေနိုင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆင်တို့ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယမန်နေ့ အကြမ်းဖက်မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်တို့ ဗီဒီယိုအွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး ဟွန်ဆင်၏ တောင်းဆိုမှုအပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ထားပြီးဖြစ်၍ ယင်းလုပ် ငန်းစဉ်များကို အနှောင့်အယှက်ဖြစ်စေနိုင်သော လုပ်ရပ်များကို ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့ တွေ့ဆုံခွင့်မပြုနိုင်ကြောင်း၊ ယင်းသို့ တွေ့ဆုံခွင့်မပြုနိုင်ခြင်းမှာ ရှေ့လုပ်ငန်းစဥ်များကို အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာ တက်လာတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရပ်တည်ချက်ကတော့ ကျနော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် အာမခံပြီးဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့က ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်မှာဖြစ်တယ်။ ဆောင်ရွက်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်တယ်။ ကျနော်တို့အနေနဲ့ Road Map ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီးဖြစ်တယ်။ ဒီရှေ့လုပ်ငန်းစဉ်တွေအတိုင်း သိန္ဓိဌာန်ချထားပြီးဖြစ်တယ်။ ဒီဘက်က သဘောထားကတော့ ရှေ့လုပ်ငန်းစဉ်ကို နှောင့်နှေးစေနိုင်မယ့် ရှေ့လုပ်ငန်းစဉ်တွေကို အ နှောင့် အယှက်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်ကို ရှောင်ရှားသွားမှာဖြစ်ပါတယ်” ဟု အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုသည်။

၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးရယူစဉ်ကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ပယ်ချခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article