26 C
Yangon

ပုလဲမြို့နယ်၊လုပ်သားရွာကို စစ်တပ်နှင့်ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

Must read

ပုလဲမြို့နယ်၊လုပ်သားရွာကို စစ်တပ်နှင့်ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လုပ်သားရွာကို စစ်တပ်နှင့်ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းက ယနေ့ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်များက အင်မထီးပျူစောထီးကျေးရွာမှ ထွက်လာပြီးနောက် ပုလဲမြို့နယ်၊ လုပ်သားကျေးရွာအတွင်းသို့ ဝင်ရောက်ကာကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ပုလဲမြို့နယ်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လုပ်သားကျေးရွာကို အကြောင်းမဲ့ မီးတင်ရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကြောင်းမဲ့ကို မီးရှို့တာပါ။ သူတို့လက်နက်ကိုင်းအချင်းချင်း တိုက်မယ်ဆိုတိုက်ကျပေါ့။ အခုဟာက ကျွန်တော်တို့ရွာကို အကြောင်းမဲ့ မီးရှို့တာ။ ရွာကို အကိုကြိမ်ကြိမ် လာမီးရှို့လို့ ကျွန်တော်တို့ရွာက ပြည်သူတွေလည်း ရွာထဲမနေရဲတော့လို့ ရွာအပြင်ထွက်ပြေးနေတာ၃လအထိရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်များ မီးရှို့ခဲ့မှုကြောင့် ပြည်သူ့နေအိမ် ၅၀ကျော်မီးလောင်းဆုံးရှုံးခဲ့ရပြီး လုပ်သားရွာသည် အိမ်ခြေ ၁၃၀ ရှိသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article