33 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ မင်းဂံရွာ၌ တပ်စွဲထားသော စစ်တပ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ပုသိမ်ကြီးမြို့နယ်၊ မင်းဂံရွာ၌ တပ်စွဲထားသော စစ်တပ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံးခဲ့ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်း အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၁၀ မိနစ်ခန့် အကြာတွင် မင်းဂံ ကျေးရွာမှ နာရေးကားသည် မင်းဂံရွာ စာသင်ကျောင်းထဲသို့ ဝင်ရောက် သွားပြီး သေဆုံး ဒဏ်ရာရ စစ်သားများကို တင်ဆောင်သွားကြောင်း သိရသည်။

” အနည်းဆုံးတော့ ၂ ကောင်လောက်သေတယ်။ ၄၀ မမ ဗုံးသီးက သူတို့ နားနေတဲ့ တိုက်ထဲကို ကွက်တိကျတာ” ဟု နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက်တော်လှန်ရေး တပ်ဖွဲ့) နှင့် ကောင်းကင် တော်လှန်ရေးအင်အားစု ပြင်ဦးလွင်ခရိုင် ပ.က.ဖ တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article