33 C
Yangon

မော်ကျွန်းမြို့၊ မြတ်သာရွာမ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

မော်ကျွန်းမြို့၊ မြတ်သာရွာမ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ မြတ်သာရွာမ ရဲစခန်း ကို တော်လှန်ရေး အင်အားစုများက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်မော်ကျွန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃၀ရက်နေ့၊ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် မော်ကျွန်းမြို့နယ်၊ မြတ်သာရွာမ ရဲစခန်း ကို ၇၉ ဗုံးပစ်လောင်ချာ ၄၀ မမ ဗုံးသီးဖြင့် ဧရာဝတီ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ၄၀ မမ ဗုံးသီးသည် ရဲစခန်း ပင်မအဆောက်အဦးကို ထိမှန်ခဲ့ပြီး အတွင်းပိုင်း ပျက်စီးမှု အခြေအနေနှင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း အတည်မပြု နိုင်သေးကြောင်း သိရသည်။

“ရဲစခန်းထဲက စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဧရာဝတီလင်းပိုင်မော်ကျွန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကိူ ဧရာဝတီလင်းပိုင်မော်ကျွန်း၊ မော်ကျွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဘိုကလေးလင်းပိုင် အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်ပြည်သူ့ တပ်မတော် ထံမှသိရသည်။

မေလ ၁ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် မြောင်နယ် ကျောက်ရစ် ရဲစခန်းက ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခေါင်းခွဲရွာမှ အပြန် ဘူးကိုင်းနှင့် ဆယ်ရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၄ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာ ရရှိသူ များပြားကာ ကျောက်ရစ် ရဲစခန်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article