32 C
Yangon

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးတင်ရှို့နေ

Must read

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးတင်ရှို့နေ

ရန်ကုန်၊ မေ ၁

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးရှို့ဖျက်ဆီး နေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွာမကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဖမ်းထားကာ ပြည်သူ ၇ ဦး သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့ မေလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်ကြီးရွာကို စစ်ကြောင်းထိုးလာစဥ် လယ်ကြီးရွာနှင့် ရွာမရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် တအိမ်တဲရွာကို ဝင်ရောက် စီးနင်းကာ မီးရှို့ ဖျက်ဆီးနေ​ကြောင်း၊ ထို့ပြင် တအိမ်တဲရွာမှတဆင့် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မောင်ထောင်ရွာသို့ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရသည်။

” စစ်ကိုင်းမြို့ ရွာမကျွေးရွာကို စစ်ခွေးတွေက ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးပြီ ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ် သွားတယ်။ အခု နံနက်လည်း စစ်ခွေး စစ်ကြောင်းက တအိမ်တဲရွာကို မီးရှို့ပြီး မောင်ထောင်ရွာကို ဝင်ရောက် ဖျက်ဆီး နေတယ်” ဟု ဒေသပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article