29 C
Yangon

ဟားခါး၊ချွန်ကျုံးရွာတိုက်ပွဲတွင် CNA ဒုတပ်ကြပ်တစ်ဦး ကျဆုံး

Must read

ဟားခါး၊ချွန်ကျုံးရွာတိုက်ပွဲတွင် CNA ဒုတပ်ကြပ်တစ်ဦး ကျဆုံး

ရန်ကုန်၊ မေ ၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာမှာ ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ CNA ဒုတပ်ကြပ် ကိုဘအေး ကျဆုံးသွားတယ်လို့ သိရပါတယ်။

ချွန်ကျုံးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား အနည်းဆုံး ၃ဦး သေဆုံးခဲ့သလို CNA ရဲဘော်တဦးကျဆုံးခဲ့ရတာဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၂လက်၊ RPG လောင်ချာတစ်လက်၊ RPG ဗုံးသီး ၃ခုနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ CNA ဒုတပ်ကြပ် ကိုဘအေးကို ဧပြီ ၃၀ ရက်နေ့ညပိုင်းမှာ ဂုဏ်ပြုသင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article