30 C
Yangon

ပုဒ်မ ၅၀၅ (က) နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးမည်ဟု အကျဉ်းထောင်တချို့က မိသားစုများထံ အကြောင်း ကြားလာသည်ဟုဆို၊ သတင်း အတည်ပြုရန် စုံစမ်း နေဆဲ

Must read

ပုဒ်မ ၅၀၅ (က) နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးမည်ဟု အကျဉ်းထောင်တချို့က မိသားစုများထံ အကြောင်း ကြားလာသည်ဟုဆို၊ သတင်း အတည်ပြုရန် စုံစမ်း နေဆဲ

ရန်ကုန်၊ မေ ၃

အကျဉ်းထောင်များတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းကျခံနေရသော အကျဉ်းသားတချို့ကို လွှတ်ပေးမည်ဟု အကျဉ်းထောင်တချို့က နိုင်ငံရေးအကျဉ်းသား မိသားစုများထံသို့ အကြောင်းကြား လာကြောင်း နိုင်ကျဉ်းမိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ ရမည်းသင်းထောင်က ထောင်ဒဏ် ၁နှစ်အောက်ကျန်တဲ့ ၅၀၅ တွေအကုန် လွှတ်ပေးမယ်လို့ ထောင်က အကြောင်းကြားလာပါတယ်။ ပုဒ်မ ၅၀၅ (က) တွေ တော်တော်များများ လွှတ်ပေးမယ်လို့ ထောင်ဘက်က အကြောင် းကြားတယ်။ စာရင်းအတိအကျမသိပေမယ့် ကျနော်တို့ သိသလောက် ၇၂ ဦး နိုင်/ကျဉ်းရှိနေတယ်။ ပုဒ်မ ၅၀၅ (က)နဲ့ ပတ်သက်တာက” ဟု နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ ညောင်ဦးထောင်ကလည်း ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသမားတချို့ကို ပြန်လွှတ်ပေးမည်ဟု မိသားစုဝင်များထံ တယ်လီဖုန်းဆက်၍ အကြောင်းကြားလာသည်ဟု နိုင်ကျဉ်းမိသားစုဝင် တစ်ဦးက ပြောသည်။

“ကျနော့်ညီ ၂ ဦးက ပုဒ်မ ၅၀၅ (က) နဲ့ အကျဉ်းချခံထားရတာ။ အဲဒါ ဒီနေ့ လွှတ် ပေးမယ်ဆိုပြီး ဖုန်းဆက်လာတာ။ ဘယ်လိုလဲတော့မသိဘူး” ဟု နိုင်ကျဉ်းမိသားစုဝင်တစ်ဦးကဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်သေးဘဲ နိုင်ငံရေးအကျဉ်းသားတချို့ လွှတ် ပေးမည်ဟု အကျဉ်းထောင်ဘက်က မိသားစုဝင်များကို အကြောင်းကြားလာသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- အကျဉ်းသားတချို့။ (ပုံအဟောင်းဖြစ်သည်။)

Photo- AAPP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article