37 C
Yangon

ဘောလခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်/သံလွှင့်ဌာနတို့ကို PDF က တိုက်ခိုက်မှုစစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦးကျဆုံး

Must read

ဘောလခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်/သံလွှင့်ဌာနတို့ကို PDF က တိုက်ခိုက်မှုစစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ မေ ၃

ကရင်နီပြည်နယ် ဘောလခဲမြို့တွင်းရှိ စစ်တပ် တပ်စွဲထားသည့် စစ်မှုထမ် းဟောင်းရုံး၊ လ.ဝ.ကရုံး ၊ မြို့မ ရဲစခန်း၊ ရုပ်/သံလွှင့်ဌာနတို့ကို PDF တပ်များက မေလ ၁ ရက်နေ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Bawlakhe PDF က သတင်းထုတ်ပြန်သည်၊

မေလ ၁ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်မှ စတင်၍ ဘောလခဲမြို့ထဲတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီကျော် ကြာမြင့်ခဲ့ကာ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စီးနင်းတိုက်ခိုက်မှုတွင် စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးကို ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ အမှတ် ၄၃၀ တပ်ရင်းက စစ်ကူများ ရောက်လာ၍ နံနက် ၇ နာရီတွင် ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများနှင့် ဒဏ်ရာရသူများကို ပြန်လည် ဆွဲသွားခဲ့ပြီး မေလ ၂ ရက်နေ့တွင် ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် ခေါ်သွားကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ G4 ၁ လက်၊ AK 22 ၁ လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊ လက်ပစ် ဗုံး တစ်လုံးနှင့် ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ဘောလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ်-၁၁၀၅ တပ်ရင်းမှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းနှင့် တိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် ၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) အမှတ် ၁၁၀၈ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article