30.5 C
Yangon

မြိုင်တွင် စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မြိုင်တွင် စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂ ရက် ၆ နာရီခန့်က သရက်ကန်ပျူစောထီးရွာနှင့် စိုကန်တိုက် ပျူရွာအကြားတွင် ပျူစော ထီးများ ကူးသန်းသွားလာနေကြောင်း တပ်တွင်း ဖရဲသီး သတင်းပေးပို့ချက်အရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး သေဆုံးကာ ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ သေဆုံးသွားသော ရဲနှင့် ပျူစောထီး အလောင်းအနီးရှိ ပတ်လည်ဝိုင်းနေသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၃ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့​ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ -၂ (ဂဠုန် တပ်ဖွဲ့) ၊ TYK ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့အားမာန် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article