33 C
Yangon

ချောင်းဦးနှင့် မုံရွာ မြို့နယ်အစပ်ရှိ ကျေးရွာ ၇ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရ

Must read

ချောင်းဦးနှင့် မုံရွာ မြို့နယ်အစပ်ရှိ ကျေးရွာ ၇ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရ

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အစပ်ရှိ ကျေးရွာ ၇ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မေလ ၅ ရက်နေ့မှ စတင်ကာ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အစပ်ရှိ ကျေးရွာ ၇ ရွာကို အကြမ်းဖက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းမှုကြောင့် ကြည်ကုန်းအရှေ့ရွာ၊ ကြည်ကုန်းအနောက်ရွာ ၊ ချောင်းမနားရွာ၊ ကြည်သွန်ဈေးရွာ၊ ညောင်ပင်လှရွာ၊ တောကျောင်းလေးရွာ၊ လှော်ကားရွာ၊ ဘုံတိုရွာ တို့မှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ကြည်ကုန်းအရှေ့ရွာ၊ ကြည်ကုန်းအနောက်ရွာက မနက်ကတည်း ရှောင်ကြရတာ။ ခွေးစစ်ကြောင်းက ညထိ မပြန်သေးဘဲ ရွာထဲက စားသောက်စရာတွေ ယူပြီး ရမ်းသမ်းပစ်ကြပြီး ပြန်ကြတဲ့အခါ ချောင်းမနားရွာ၊ ကြည်သွန်ဈေးရွာ၊ ညောင်ပင်လှရွာ၊ တောကျောင်းလေးရွာ၊ လှော်ကားရွာ၊ ဘုံတိုရွာ အဲဒီရွာတွေက ဘေးလွတ်ရာ ရှောင်ကြရတာ။ တခြား အတိအကျ မသိတဲ့ ရွာတွေလည်း ရှိပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ယနေ့ မေလ ၆ ရက်နေ့တွင် စစ်ဘေးရှောင်ရသည့် စစ်ရှောင်ပြည်သူမှာ ထောင်ကျော်ရှိပြီဖြစ်ကြောင်း၊ ကျေးရွာများအတွင်း ဝင်ရောက် မီးရှို့မှုများ ရှိနေသည်ဟု ကြားသိရပြီး အတည်ပြုရန် ကြိုးစားနေဆဲဖြစ်၍ အတိအကျ မသိနိုင်သေးကြောင်း မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လတ်တလောအချိန်တွင် စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် မုံရွာအမြင့်လမ်း သပိတ်ကော်မတီအပါအဝင် အခြားအဖွဲ့များမှ ဝိုင်း၍ စီစဉ်ပေးထားရကြောင်း၊ အလှူရှင်များ လိုအပ်နေကြောင်းလည်း သိရှိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article