35 C
Yangon

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်သွား

Must read

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်သွား

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်သွား​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ်ကြောင်း ထိုးဝင်ရောက်ပြီး ကျေးရွာ မြောက်ပိုင်းမှစတင်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” မီးက မငြိမ်းသေးပါဘူး။ ရွာသူရွာသားတွေ လိုက်ပြီးငြိမ်းနေတုန်း စစ်ခွေးတွေကတော့ ဆုတ်သွားပါပြီ ရွာမှာက နေအိမ် တစ်ထောင်ကျော်ရှိတယ် ရွာက အကုန်ကုန်သလောက်ပဲ အခုမြေပြင်အဖွဲ့နေ သိရတာက ပြည်သူ တစ်ဦးက စစ်ခွေးတွေက ပစ်သတ်သွားတယ်။ နောက် တစ်ဦးက သေနတ် ဒဏ်ရာနဲ့ ဆေးရုံ တင်ထားရတယ်ပြောတယ်။ သေဆုံးတာ အခုထိ တစ်ဦးပဲ တွေ့သေးတယ် ထပ်တိုးရှိနိုင်ပါတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ကျေးရွာအတွင်းရှိ ပြည်သူအများအပြားသည် စစ်တပ် စစ်ကြောင်း ရွာအတွင်း ဝင်ရောက်လာစဥ်တွင် ဘေးလွတ်ရာကို လက်ဗလာဖြင့် အချိန်မှီ ရှောင်တိမ်းရသောကြောင့် လက်ရှိချိန်တွက် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article