28 C
Yangon

မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးများ အပါအဝင် ပြည်သူ ၈၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးများ အပါအဝင် ပြည်သူ ၈၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ မေ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး ကလေးများ အပါအဝင် ပြည်သူ ၈၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မြိုင်မြို့နယ်စာပေကျေးရွာကို အင်အား ၆၀ ခန့် စစ်ကြောင်းဖြင့် ဝင်ရောက်စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ် စုစုပေါင်း လူဦးရေ ၈၀ နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ အဆိုပါ စစ်ကြောင်းသည် သရက်ကန်ကျေးရွာ ပျူစောထီးစခန်းမှ ထွက်လာခြင်းဖြစ်ပြီး စစ်ကြောင်း ၃ ကြောင်းခွဲ၍ စာပေကျေးရွာကို ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“လူသားဒိုင်းအဖြစ် ဖမ်းထားတာမျိုးဖြစ်နေတယ်။ အဓိက မပြေးနိုင်တဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို ၊ အမျိုးသမီးကြီးတွေ ကျန်ခဲ့တာ။ သူတို့ကလည်း မပြေးနိုင်တော့ ဘုန်းကြီးကျောင်းထဲသွားပြီး ပြေးကြတာ။ အဲဒီမှာ စစ်တပ်က ဘုန်းကြီးကျောင်းကိုပါ ဝင်ပြီး အကုန်ဖမ်းထားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာပေကျေးရွာကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အများစုသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ကျေးရွာကို စစ်တပ်က မီးတင်ရှို့မည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းမှ စစ်တပ်ဝင်ရောက်စီးနင်း မီးရှို့၍ ထွက်ပြေးနေရသည့် ပြည်သူတချို့က မိမိတို့နေအိမ်များ မီးလောင်နေသည်ကို အဝေးမှ ငေးကြည့်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article