37 C
Yangon

ပခုက္ကူ၊ ပန်းတိုင်းခြုံဂိတ်မှ ကင်းလှည့်ထွက်လာသော ရဲ ၇ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၇ ဦး စလုံး သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိ

Must read

ပခုက္ကူ၊ ပန်းတိုင်းခြုံဂိတ်မှ ကင်းလှည့်ထွက်လာသော ရဲ ၇ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၇ ဦး စလုံး သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ ပခက္ကူမြို့နယ်၊ ပန်းတိုင်းခြုံ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ ကင်း လှည့်ထွက် လာသော ရဲ ၇ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ဦး စလုံး သေဆုံးသွားပြီး သေနတ် ၇ လက် သိမ်း ဆည်းရရှိခဲ့ ကြောင်း တော်လှတ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ မေလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပန်းတိုင်းခြုံ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ ပန်းတိုင်းခြုံကျေးရွာဘက်သို့ ကင်းလှည့်ထွက်လာသော ရဲ ၈ ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ဦးစလုံးသေဆုံးသွားပြီး ၎င်းတို့ကိုင်ဆောင်သော သေ နတ် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဓိကတော့ ခွေး၇ ကောင်လောက်ကို အသေပစ်သတ်နိုင်တယ်။ လက်နက် ၇ လက်ရတယ်။ အဓိက ကတော့ သူတို့က ကင်းပုန်းထွက်လာတာ၊ အဲဒါကို အနီးကပ်ပစ်သတ်သွားတာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့ကနေအင်အား ၁၀၀ လောက်တပ်ကူရောက်တယ်။ သူတို့ လမ်းကြောင်း ထွက်တော့အခြေအ နေက မထွက်တော့ဘဲနဲ့ သူတို့တပ်ကူတွေရောက်တယ်။ ပြီးတော့ ပန်းတိုင်းခြုံ‌ ကျေးရွာထဲက အိမ်တွေက ပစ္စည်းတွေယူတယ်။ ယူပြီးမီးရှို့တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပခုက္ကူမြို့မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဆင်းလာကာ ပန်း တိုင်းခြုံကျေးရွာအတွင်း ဝင်ရောက်မွှေနှောက် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ပြည်သူ့နေအိမ် များ ကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၃၀ ခန့်ပြာကျသွားပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article