25 C
Yangon

မြင်းမူမြို့နယ်တွင် စစ်ကားနှင့် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

မြင်းမူမြို့နယ်တွင် စစ်ကားနှင့် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကားနှင့် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မုံရွာဘက်မှ စစ်ကိုင်းဘက်ကို ကြေးနီ သယ်ဆောင်လာသည့် ကား ၁၉ စီးကို လုံခြုံရေးအဖြစ် လိုက်ပါလာသော စစ်သား ၁၇ ဦးပါ သံပြားကာ ကား ၁ စီးကို ရှေ့ထွက်မိုင်း ၅ လုံးဖြင့် အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကား တိမ်းမှောက်သွားပြီး ကားပေါ့် လိုက်ပါလာသည့် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မြင်းမူဆေးရုံ အရောက်တွင် စစ်သား ၁ ဦး ထပ်မံသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးမှ ကင်းယူထားသော စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် မြင်းမူမြို့​မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းသည် ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာ ကားလမ်းမကြီးဘေးတွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး လမ်းသွားလမ်းလာ ပြည်သူများထံ ငွေကြေး တောင်းရမ်းနေစဉ် တော်လှန်ရေး ရဲဘော်များက ၈၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အုန်းတော-မြင်းမူ-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေပြီး ခရီးသွား ပြည်သူများ အနေဖြင့် သတိထား သွားလာကြရန် နှင့် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည့် စည်းကမ်းများ အတိုင်း သွားလာကြရန် People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ ၏ ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu (PKDF-MMU) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article