33 C
Yangon

မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

Must read

မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့မေလ ၆ ရက် ညနေ ၄ နာရီခန့်က မြောင်မြို့နယ်၊ ရွှေတစ်ချောင်းကျေးရွာမှ အကြမ်းဖက် စစ်သား ၈၀ ကျော်သည် ကျောက်ရစ်ရဲစခန်းဘက်သို့ စစ်ကြောင်းဖြင့် တက်လာစဉ် သနပ်ကုန်းကျေးရွာအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ခန့်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခန့်မှန်း ၂၀ လောက်သေတယ်၊ တိုက်ပွဲမှာ သေဆုံးဒဏ်ရာရတဲ့ စစ်ခွေးတွေကို စက်လှေ ၃ စီးနဲ့ ချင်း တွင်း မြစ်အနောက်ဘက်ကမ်းကို ရေစကြိုမြို့ကို သယ်သွားတယ်၊ ကျန်တဲ့ခွေးတွေက အဲနားလေးမှာ ပျောက်နေတယ်၊ ကျောက်ရစ်စခန်းလဲ မရောက်သေးဘူး၊ ပခုံထမ်းလောင်ချာတွေရော၊ လက် လုပ်တွ ေရော အနီးကပ်တိုက်ခိုက်ခဲ့တာ၊ ခွေးတွေသေတာ အတုံးအရုန်းပဲ၊ မဟာမိတ်တပ်ရင်းတွေ ကို နောက် မဆုတ်တမ်း ညီညီညွတ်ညွတ်နဲ့ ကာပစ်ပေးခဲ့လို့ ကျေးဇူတင်ပါတယ်၊” ဟု Myingyan Black Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် တိုက်ခိုက်ရေး ခေါင်းဆောင် ကိုကရင်ကြီးတို့မှ ဦးဆောင်ကာ ၆၀ မမများ၊ ပခုံထမ်းလောင်ချာများ၊ လက်လုပ် ကိုးလုံး လက်နက်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး People Spirit Force (PSF) MGN 9 Stars ၊ Royal Brother Defence Force နှင့် မဟာမိတ်တပ်ရင်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article