အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် လွတ်လပ်ခါမှ အမျှဝေမယ် ရုပ်ရှင်ဇာတ်ကား ပြသပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေ
ရန်ကုန်၊ မေ ၇
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် လွတ်လပ်ခါမှ အမျှဝေမယ် ရုပ်ရှင်ဇာတ်ကား ပြသပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ကျင်းပသည်။
ဒါရိုက်တာစိန်သီးနှင့် ဒါရိုက်တာအောင်သော်တို့၏ “လွတ်လပ်ခါမှအမျှဝေမယ်” ရုပ်ရှင်ဇာတ်ကားကို နယူးယောက်မြို့ The Kaufman Astoria Studios ရုပ်ရှင်ရုံ၌ ရုံတင်ပြသခြင်းနှင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားရုံတင်ပြသပွဲတွင် အမှတ်တရပစ္စည်းများကို နွေဦးတော်လှန်ရေး ရံပုံငွေအတွက် လေလံတင်ရောင်းချခြင်း များအား နယူးယောက်မြို့မှတော်လှန်ရေး အဖွဲ့ NYCBC က ဦးဆောင် ပြီး ကျင်းပခဲ့ကြောင်း၊ ရရှိလာသော ရန်ပုံငွေများကို မြေပြင်သို့တိုက်ရိုက် ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2023/05/345439792_1171853383485773_4944466193988564533_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/345605522_1195388621122657_1541336982279424547_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/345581420_545823634161350_9104520476251971391_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/345441292_959400088426150_1622928972425852076_n.jpg)