21 C
Yangon

ဘိုကလေးမြို့မရဲစခန်းကို ၄၀ မမ ဗုံးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ဘိုကလေးမြို့မရဲစခန်းကို ၄၀ မမ ဗုံးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၇

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးမြို့မရဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Ayayarwaddy Dolphin Defense Force Mawgyun တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၆ ရက် ည ၇ နာရီခွဲခန့်က ဘိုကလေးမြို့မရဲစခန်းကို ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် 79 ဗုံးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်း အတွင်းပိုင်းနှင့် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကြားသို့ ကျရောက်ပေါက်ကွဲပြီး တစ်မြို့လုံးနီးပေါက်ကွဲ သံကြားရကာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများမှ လက်နက်ငယ်အချက် ၃၀ ခန့်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကြားမှာ ကျရောက်ပေါက်ကွဲတယ်၊ ထိခိုက်မှုတော့ မသိရသေးဘူး၊ ဗုံးသီး ၂ လုံးပစ်ခဲ့တာပါ၊ ပေါက်ကွဲသံကတော့ တစ်မြို့လုံးနီးပါး ကြားရတယ်” ဟု Ayayarwaddy Dolphin Defense Force Mawgyun တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဧရာဝတီစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ဧရာဝတီ နန်း ထိုက်အောင်စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်မော်ကျွန်း နှင့် ဘိုကလေးလင်းပိုင်နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဘိုကလေးရဲစခန်းဘက်မှာ ည ၇ နာရီ ၃၀ လောက်ကတော့ ပေါက်ကွဲသံ အတော်ကို ကျယ်တယ်။ အဲဒါ ကြားလိုက်ရတယ်။ အသေအပျောက်တော့ မသိရသေးဘူး” ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ် စခန်းမှူးနှင့်နောက်လိုက်များသည် ပြည်သူ လူထုကို နည်းမျိုးစုံဖိနှိပ်လျက်ရှိပြီး တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးခြင်း ၊ မဆိုင်သူပြည်သူများ အား ဖမ်ဆီးနှိပ်စက် ငွေညှစ်ခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ မတရားဖမ်းဆီးခံရသူ အကျဉ်းသူ၊ အကျဉ်း သား များကို လိင်အကြမ်းဖက်မှုများပါ ပြုလုပ်လျက်ရှိပြီး ဆိုးသွမ်းညစ်ပတ် ယုတ်မာမှုများစွာပြုလုပ်နေ သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article