38 C
Yangon

မင်္ဂလာဒုံတွင် မြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းနိုင်၏ ညီမနှင့်သမီးဖြစ်သူတို့ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

Must read

မင်္ဂလာဒုံတွင် မြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းနိုင်၏ ညီမနှင့်သမီးဖြစ်သူတို့ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတွင် မြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းနိုင်၏ ညီမဒေါ်ကြူကြူနိုင် နှင့် သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မချစ်သမီး တို့ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မေလ ၇ ရက်နေ့ နံနက် ၈ နာရီ ၄၀ ဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်၊ နွယ်နီ စျေးလမ်းအနီး မင်္ဂလာဒုံမြို့နယ် NLDပါတီ အလုပ် အမှုဆောင် ဦးဝင်းနိုင်၏ညီမနှင့် သမီးတို့ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်ရာ နှစ်ဦးစလုံး ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိသည်။

“အခု ဆုံးသွားတာက NLD မင်္ဂလာဒုံမြို့နယ် အလုပ်အမှုဆောင် ဦးဝင်းနိုင်ရဲ့ ညီမနဲ့ သမီးလေး သေနတ်နဲ့ တေ့ပစ်သွားတာ။ အသံတိတ်သေနတ်တွေ သုံးသွားတယ်။ အခုတော့ စစ်တပ်က ဟန်ပြလာစစ်ပြီး ပြန်သွားတယ်။ ဦးဝင်းနိုင်ကို မမိလို့ ငြိုးနေတာကြာပြီ ။ ပစ်သတ်တာကတော့ ပျူစောထီးတွေပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မင်္ဂလာဒုံမြို့နယ်မှ အခြားဒေသခံတစ်ဦးကလည်း သေနတ်သမားများသည် စျေးဆိုင်အတွင်းဝင်ရောက်၍ သားအမိနှစ်ဦးစလုံးကို သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ရှင်းလင်းပြေဆာိုသည်။

“သေနတ်ပစ်ခံရသူနှစ်ဦးက သားအမိဖြစ်ပါတယ်။ စျေးဆိုင်အသွင်းဝင်ရောက်ပြီး သေနတ်သမားဝင်ရောက်ပစ်သတ်တာပါ။ အသံတိတ်နဲ့ပါ။ ခေါင်းတွေကို ကျည်ဆန်ဖောက်ဝင်ပါတယ်။ ဦးဝင်းနိုင် ညီမက အသက် ၄၀ ကျော်ပြီ။ သူ့ရဲ့ သမီးလည်းသေဆုံးပါတယ်။ သူ့ကို မမိလို့ သူ့ညီမ သားအမိ အရှင်းခံရတာ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article