29 C
Yangon

တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်ပံတောင်း ပြည်သူများ ဆန္ဒပြ

Must read

တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်ပံတောင်း ပြည်သူများ ဆန္ဒပြ

ရန်ကုန်၊ မေ ၇

လက်ပံတောင်းတောင် ဒေသပြည်သူများ ဦးဆောင်ကာ “China…Stop Killing Myanmar People by Supporting Fascist Criminals” စာတန်း ကိုင်ဆောင်ကာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင် သည် နေပြည်တော်သို့လာရောက်ပြီး လူသက်စစ်ခေါင်းဆောင်နဲ့အတူ အာဏာရှင်ဟောင်းစစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံကာ စစ်အကြမ်းသမားဘက်ကို ရပ်တည်ပြသမှုသည် မြန်မာပြည်သူတွေရဲ့ ဒေါသကို ထိုးဆွမှုသာဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်အစိုးရဟာ အပြောနဲ့အလုပ်တထပ်တည်းမကျပဲ သိုးရေခြုံတဲ့ဝံပုလွေ ဖြစ်နေကြောင်း၊ မြန်မာ့ပြည်တွင်းရေးကို ကူညီရာမရောက်ခဲ့ပဲ ဝင်ရှုပ် ဒုက္ခပေးနေပြီး စစ်အုပ်စုကို ထောက်ခံထောက်ပံ့ပေးနေတဲ့ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ဒေါင်းယောင်ဆောင်သော ကျီး ပဲ ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းသူ ဘယ်နိုင်ငံ ဘယ်အစိုးရပဲဖြစ်ဖြစ် ပြည်သူများက လုံးဝအလိုမရှိကြောင်း လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုကြောင်း သပိတ် ဦးဆောင်သူများက ပြောဆိုသည်။

Photo – Black Ko

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article