29 C
Yangon

ထားဝယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

Must read

ထားဝယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

ရန်ကုန်‌၊ မေ ၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ အညာဖျားကျေးရွာနှင့် ဥယျာဉ်ကျေးရွာကြားရှိ လမ်းပိုင်းတနေရာ တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်မိုင်းမိပြီး အများအပြားဒဏ်ရာ ရရှိခဲ့ ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း ထံမှ သိရသည်။

ယနေ့ မေလ ၉ ရက် နံနက် ၈ နာရီခန့်က ထားဝယ်-ထီးခီးဒေသတွင် တာဝန်ထမ်းဆောင်ပြီး ထားဝယ်မြို့ ဘက်သို့ ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းပိုင်း တစ်နေရာတွင် တိုက်မိုင်း ၄ လုံး၊ မိုင်း ၂ လုံး ဖြင့်ပေါက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား အများအ ပြား သေဆုံး ဒဏ်ရာရကာ ဓားစာခံပြည်သူ ၂ ဦးလည်း မိုင်းစ ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံရသည့် ရွာသူ၊ ရွာသားများ အနက် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို တောင်းပန်ကြောင်း၊ နောက်နောင်တွင် အကြမ်း ဖက်စစ်သားများ ကျေးရွာအတွင်း ဖြတ်သန်းမည်ဆိုပါက မိဘပြည်သူများအနေဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်း (Dawi Collicative Column) က ထုတ်ပြန်ထားသည်။

ထို့ပြင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ပွန်ချောင်းအရှေ့ဘက်၊ တံတားသစ်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ကြောင်း ဘောလခဲ PDF ထံမှ သိရသည်။

မေလ ၆ ရက် ည ၈ နာရီခန့်က ဘောလခဲမြို့၊ ပွန်ချောင်းအရှေ့ခြမ်း၊ တံတားသစ်မှ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်သားများကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး လက်နက်ကြီးများ အလွန်အကျွံပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘောလခဲ PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်နေသည့် ဘောလခဲ PDF ရဲဘော်မျာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article