29 C
Yangon

ချောင်းဦးတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်ရရှိ

Must read

ချောင်းဦးတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်ရရှိ

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် နက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦး PDF ၏ထုတ်ပြန်ချက်နှင့် ချောင်းဦးဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။

ယမန်နေ့ မေလ ၉ ရက် နံနက် ၆ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ မေဃဝန်ကျောင်းတိုက်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများ ဈေးဝယ်ထွက်လာစဉ် ချောင်းဦးမြိုနယ်၊ ပကဖ ဦးစီးသော CHUPDF တပ်ခွဲ ၂ မှ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ပွိုင့် ၃၀ လက်မ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

အလားတူ မေလ ၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် ချောင်းဦးမြို့နှင့် အောင်ချမ်းသာကျေးရွာကြားသို့ မိုင်း ရှင်းရန် အင်အား ၃၀ ခန့်ဖြင့် ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့ ဘောလုံး ကွင်းအနီးအရောက် ပဒေသာမိုင်း ၃ လုံးတွဲ (၃) ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆ ၊ ချောင်းဦးမြိုနယ် ပကဖ ဦးစီးပြီး Chaung U People Defence Force (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ဖြစ်သည်ဟု ဆိုသည်။

ထို့အတူ မေလ ၉ ရက် ညနေ ၅ နာရီခွဲတွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအထိုင်စခန်းမှ အင်အား ၂၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ငါးယှန်ကျေးရွာ အနောက် အရောက် ပဒေသာ မိုင်း ၂ လုံးတွဲ ၂ ပွိုင့်ဖြင့်လည်းကောင်း၊ ည ၈ နာရီ မိနစ် ၂၀ တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးခန့်ကို ငါးယှန်ကျေးရွာနှင့် သန်းပင်ကန်ကျေးရွာကြားတွင် ၂ လုံးတွဲ မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး သံပြားကာ ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆ ၊ ချောင်းဦးမြိုနယ် ပကဖ ဦးစီး Chaung U People Defense Force (CHUPDF) တပ်ခွဲ (၆) ပူးပေါင်း တပ်ဖွဲ့ဝင် (၇)ဦးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article