31 C
Yangon

ထိုင်းနိုင်ငံသို့ ကော့သောင်း နယ်စပ်မှ ရေလမ်းဖြင့် ဝင်လာသည့် မြန်မာ အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံသို့ ကော့သောင်း နယ်စပ်မှ ရေလမ်းဖြင့် ဝင်လာသည့် မြန်မာ အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မေ ၁၀

ထိုင်းနိုင်ငံထဲသို့ ကော့သောင်း နယ်စပ်မှ ရေလမ်းခရီးဖြင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၂၄ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းစစ်တပ်၏ အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မေလ ၉ ရက်နေ့ ညပိုင်းတွင် မြန်မာ အလုပ်သမား ၁၄ ဦး ကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ မြန်မာ အလုပ်သမားများသည် ပွဲစားခ တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၃၀၀၀၀ ပေးခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ ဖူးခက်မြို့နှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်မည့် သူများဖြစ်ကြောင်း၊ မြန်မာ အလုပ်သမား ၁၄ ဦးသည် စက်လှေငယ်ဖြင့် ဝင်ရောက် လာခြင်းဖြစ်ပြီး ထိုင်းစစ်တပ်က ဖမ်းဆီးစစ်ဆေးချိန်တွင် စက်လှေမောင်းသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသူများ အပါအဝင် မြန်မာ အလုပ်သမား ၁၀ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းစစ်တပ်သည် မြန်မာ အလုပ်သမား ၂၄ ဦးကို ရဲစခန်းသို့ ခေါ်ဆောင် သွားကာ ဥပဒေ အရ ဆက်လက် တရားစွဲ ဆိုရန် ပြင်ဆင်နေ​ပြီး အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article