38 C
Yangon

ပြည်သူများ ပြောင်းရွှေ့ရန် သတိပေးပြီးနောက် စစ်တပ်တပ်စွဲထားသော ကလေး တက္ကသိုလ်နှင့် ခိုင်ကမ်းမြိုရဲစခန်းကို ရှော့တိုက်ဒုံး ၁၀ လုံး ဖြင့် ဆက်တိုက်ပစ်ခတ်၊ ပြည်သူများ နေအိမ် ပြန်နေနိုင်ပြီဟု အသိပေး

Must read

ပြည်သူများ ပြောင်းရွှေ့ရန် သတိပေးပြီးနောက် စစ်တပ်တပ်စွဲထားသော ကလေး တက္ကသိုလ်နှင့် ခိုင်ကမ်းမြိုရဲစခန်းကို ရှော့တိုက်ဒုံး ၁၀ လုံး ဖြင့် ဆက်တိုက်ပစ်ခတ်၊ ပြည်သူများ နေအိမ် ပြန်နေနိုင်ပြီဟု အသိပေး

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်တွင် ပြည်သူများ ပြောင်းရွှေ့ရန် သတိပေးပြီးနောက် စစ်တပ်တပ်စွဲထားသော ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းမြိုရဲစခန်းကို ရှော့တိုက်ဒုံးများ ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းCDF CDM Siyin တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သိုပြောကြားသည်။

ယမန်နေ့ မေလ ၁၁ ရက် နံနက် ၆ နာရီခန့်အချိန် ကလေးမြိုတကက္ကသိုလ် မုခ်ဦး၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်တပ်နှင့် ခိုင်ကမ်းမြိုရဲစခန်းကို တာဝေးပစ်လက်နက်ကြီး ၁၀ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့က မနက် ၆ နာရီလောက်က မစ်ရှင်လုပ်ခဲ့တာပေါ့၊ ထိခိုက်မှုအခြေအနေက မသိရသေးပါဘူး၊ ပြည်သူတွေလည်း ထိခိုက်မှုမရှိအောင် ရှောင်ခိုင်းထားခဲ့တာ ပြန်နေလိုရပါပြီ။ လုပ်စရာရှိတာ လုပ်ပြီးပြီ ဖြစ်လို ပြည်သူတွေကို ပြန်ခေါ်လိုက်တာပါ၊” ဟု CDF CDM Siyin တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သိုပြောကြားသည်။

ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သည့် မစ်ရှင်ပြုလုပ်နိုင်ရန် မေလ ၉ ရက်နေ့က ကလေးမြိုတက္ကသိုလ်မုခ်ဦး၌ နေထိုင်သော ပြည်သူ များနှင့် ခိုင်ကမ်းမြိုရဲစခန်းအနီးနေထိုင်သော မိဘပြည်သူများ မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ နောက်ဆုံးထားကာ ပြောင်းရွှေ့နေထိုင်ပေးကြပါရန် အရေးပေါ်ထုတ်ပြန်ခဲ့ပြီးနောက် မေလ ၁၁ ရက်နံနက်ပိုင်းတွင် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နေအိမ်များမှ ရှောင်တိမ်းပေးကြသော မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း၊ မေလ ၁၁ ရက် နံနက် ၁၀ နာရီခန့်မှ စ၍ နေအိမ်အသီးသီးသို ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ပြီဖြစ် ကြောင်း Chin land Defense Force CDM Siyin က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article