မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
ရန်ကုန်၊ မေ ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်ဗျူဟာကုန်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြဝတီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝေါ်လေမြိုင် ဗျူဟာကုန်း၊ ဝေါ်လေမြိုင်မြို့ ရဲစခန်းတို့ကို KNDO တပ်ရင်း ၈ Dron အဖွဲ့နှင့် Fedral Wings ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု အတွင်း ဗျူကုန်းရှိ လက်နက်ကြီး တပ်စွဲထားရာ နေရာနှင့် ရဲစခန်းအဆောက်အအုံ၊ ဂိတ်တဲတို့ကို ထိမှန်ခဲ့ပြီး စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
” ဗျူဟာကုန်းနဲ့ ရဲစခန်းကို ဗုံးကျဲတာ ထိခိုက် သေဆုံး ခန့်မှန်းခြေ ၂ဝ ဦး ရှိတယ်။ ဗျူဟာကုန်း လက်နက်ကြီးရှိတဲ့ နေရာကို အတိအကျပဲ ထိတယ်။ ရဲစခန်းလဲ အဆောက်အအုံနဲ့ ဂိတ်ထဲ အတိအကျ ထိမှန်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ရမ်းပစ်တာတော့ရှိတယ်” ဟု KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။