28 C
Yangon

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ နေအိမ်များကို စစ်တပ်ပိုင်မြေနှင့် မလွတ်ကင်းဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်း

Must read

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ နေအိမ်များကို စစ်တပ်ပိုင်မြေနှင့် မလွတ်ကင်းဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်း

ရန်ကုန်၊ မေ ၁၃

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်မှ စစ်တပ်ပိုင်မြေနှင့် မလွတ်ကင်းဟုဆိုကာ ဖျက်ခိုင်းသော​ကြောင့် နေအိမ်များ ဖျက်ပေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က ဖျက်သိမ်းခိုင်းသော နေအိမ်များသည် အောက်ကွင်းရွာ စတင်ဖြစ်ပေါ်လာစဥ်ထဲက အခြေတကျနေထိုင်ခဲ့သည့် နေအိမ်များဖြစ်ကြောင်း၊ သို့သော် အကြမ်းဖက် စစ်တပ်က အိမ်ခြေ ၃၄ လုံးကို တပ်ပိုင်မြေဟု ဆိုကာ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“စာမပို့ဘူး ။ အမှတ် ၉၈ တပ်ရင်းက အစည်းအဝေးခေါ်ပြီး ဖျက်ပေးပါပြောတာ။ တပ်မြေထဲမှာ ခေါ်တာ။ ဌာနချုပ် တပ်ခွဲမှူးအဆင့်လောက်က ပြောတာ။ ဧပြီ ၂၃ က မြေလာတိုင်း၊ ၂၅ ရက်နေ့မှာ အစည်းအဝေးတစ်ကြိမ်၊ ၇ ရက် ၅ လပိုင်းမှာ ဒုတိယတစ်ကြိမ်ခေါ်တယ်။အောက်ကွင်းရွာ စတည်ကတည်းက အခြေတကျနေထိုင်တာ နှစ် ၆၀ လောက် ကြာနေပါပြီ စစ်တပ်နယ်နိမိတ်ဆိုပြီး ကျောက်တိုင်တွေ အိမ်ရဲ့ နောက်ကြောတွေမှာ စိုက်ထူထားခဲ့တာလည်း နှစ် ၃၀ ဝန်းကျင်ခန့် ရှိပါပြီ။ အခု စစ်တပ်အပိုင်ဆိုပြီး ဖျက်ခိုင်းနေတာပါ။ ဖျက်ကို ဖျက်ရမယ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ အောက်ကွင်းကျေးရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး အိမ်ခြေ ၃၄ လုံးကို သတ်မှတ်မြေနှင့် မလွတ်ကင်းဟုဆိုကာ ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကာ ဖျက်ရသည့် အိမ်များမှာလည်း အိမ်ကြီးအိမ်ကောင်းများ ဖြစ်ကြောင်း ၊ ဖျက်သိမ်းခိုင်းသူများကို မြေနေရာ အစားပြန်ပေးခြင်းများလည်း မရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article