ဆွာမြို့၊ ရှမ်းရွာ ရာအိမ်မှူး ဦးသန်မြိုင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၁၃
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ရှမ်းရွာ ရာအိမ်မှူး ဦးသန်မြိုင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
မေလ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆွာမြို့၊ ရှမ်းရွာတွင် ရာအိမ်မှူးအဖြစ် ဆောင်ရွက်သူ ဦးသန်မြိုင်ကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် လာရောက် ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားသော ဦးသန်မြိုင်သည် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးအဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်ကြောင်း ဒေသပြည်သူများ ပြောကြားချက်အရ သိရသည်။
![](https://yktnews.com/wp-content/uploads/2023/05/346652670_565625965698424_56394097290439670_n.jpg)