35 C
Yangon

စလင်း၊ သရက်တော ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

စလင်း၊ သရက်တော ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန် ၊ မေ ၁၃

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောရဲစခန်းကို တိုက်ခိုက်သိမ်းရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီး

သေနတ် ၁ လက် သိမ်းဆည်းရရှိ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မေလ ၁၀ ရက် နံနက် ၃ နာရီခန့်က အဆိုပါရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေး တိုင်းတပ်ရင်းများက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေး တိုင်းကွပ်ကဲရေး အဖွဲ့ နှင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ပူးပေါင်း စစ်ကြောင်းက စစ်ကြောင်း ၄ ကြောင်းခွဲကာ ချဥ်းကပ်ခဲ့ပြီး ကင်းငယ်စစ်ကြောင်းက ရှော့တိုက်ဒုံး ၃ လုံးဖြင့် စတင်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲ စသည် နှင့် တပြိုင်နက် စခန်းနောက်ကျောဘက်မှ တာဝန်ယူထားသော ကာဗွန်စစ် ကြောင်းနှင့်တောင်ဘက်မှ ဘုန်းမြတ်အောင်စစ်ကြောင်းတို့မှ စတင်ပစ်ခတ် ကာပစ်ပေးထားကာ ယက္ခညီနောင်စစ်ကြောင်းမှာ စခန်းမျက်နှာစာသို့ ချဥ်းကပ်ကာ စစ်ကြောင်းအသီးသီး တိုက်စစ်ဖွင့်ပြီး ၃နာရီ ၃၀မိနစ် နာရီတွင် စခန်းအတွင်းသို့ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသည်။

စခန်းသိမ်းပိုက်ပြီးနောက် အရာရှိအခန်း ၊ တခြားအခန်း ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီး ကျော် မီးရှို့ခဲ့ပြီး RC နှစ် ထပ်တိုက် အပေါ်ထပ်သို့ ဝင်ရောက်ရှင်းလင်းချိန် အခန်းထောင့်တွင် ကျန်နေ သော အကြမ်းဖက်စစ်သား၊ ရဲများနှင့် ထိတွေ့မှု ဖြစ်ကာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား နှင့် ရဲ ၁၂ ဦး သေဆုံးပြီး G3 ၁ လက် ၊ကျည်ဘောက် ၂ ခု G3ကျည် ၁၅ တောင့် ၊ Dell လက်တော့ ၁ လုံး ၊ USB memory stick ၂ ခု ၊ ဖုန်းလိုင်းဖြတ် Jammer ၁ ခု ၊ စကားပြောစက် Antenna ၂ ချောင်း ၊ equipment ၂ ခု ၊စစ်ဖိနပ် ၁ ရံ၊ ဘဏ်စာအုပ် ၁ အုပ် ၊ ပိုက် ဆံအိတ် ၂ လုံး ၊ ဒုရဲအုပ် မှတ်ပုံတင်နှင့် ရဲလက်မှတ် ၊ငွေ ၇၀,၅၀၀ ကျပ်တို့ကို သိမ်းဆည်းကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article