34 C
Yangon

ခင်ဦးတွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ခင်ဦးတွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေး ရွာ များသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ နံနက်ကအစောပိုင်းတွင် ရေဦးမြို့နယ်မှ စစ်ကောင်စီတပ်များ၊ အင်းပတ်ကွေ့ကျေးရွာမှ စစ်သားများနှင့် ရွာသစ်ကုန်းမှ ပျူစောထီးများ ပူပေါင်း၍ အင်အား ၅၀ ဝန်းကျင် ချမ်းသာကုန်း ရွာနှင့် အင်းပတ်ရွာ များသို့ ဝင်ရောက်စီးနင်းကြောင်း၊ မိုခါ မုန်တိုင်းဝင်မည့်အချိန်ဖြစ်၍ မိုးထဲလေထဲတွင် ကျေးရွာ ၉ မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မုန်တိုင်းစဝင်တဲ့အချိန် မိုးထဲလေထဲမှာ နီးစပ်ရာကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ ကျော် ရာသီဥတုပြင်းထန်တဲ့ မိုးထဲလေထဲမှာ အသက်ဘေးလွတ် ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်များက ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် စစ်ဘေးရှောင်များ ထွက်ပြေးနေသည့်နေရာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ်တွင် ကျေးရွာများကို စစ်တပ်က ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article