30 C
Yangon

မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်းက စစ်တွေမြို့အနီးသို့ စတင်ချဉ်းကပ်နေပြီး သစ်ပင်များ ပြိုလဲ၊ လေတိုက်နှုန်း အလွန်ပြင်းထန်လာ

Must read

မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်းက စစ်တွေမြို့အနီးသို့ စတင်ချဉ်းကပ်နေပြီး သစ်ပင်များ ပြိုလဲ၊ လေတိုက်နှုန်း အလွန်ပြင်းထန်လာ

ရန်ကုန်၊ မေ ၁၄

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့အနီးသို့ စတင်ချဉ်းကပ်နေပြီး သစ်ပင်များပြိုလဲနေကာ လေတိုက်နှုန်း အလွန်ပြင်းထန်လာကြောင်း စစ်တွေဒေသပြည်သူများက ပြောသည်။

“လေက တဖြည်းဖြည်းကို အရမ်းကြမ်းလာတာ။ အိမ်တွေ အပင်တွေကို ဆောင့်ပြီးတိုက်တာ။ သစ်ပင်တွေ လဲနေတာလည်းအများကြီးပဲ။ လမ်းဘေးဝဲယာတိုင်းမှာ သစ်ပင်တွေ လဲနေတာ။ အိမ်တွေလည်း အမိုးတွေလန်နေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မသိဘူး” ဟု စစ်တွေမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ပြည်တွင်းပြည်ပ မိုးဇလဌာနများ၏ ခန့်မှန်းချက်အရ မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၀ နှုန်းဖြင့် စစ်တွေမြို့အနီးမှ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် ဖြတ်သန်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ယနေ့ စစ်တွေမြင်ကွင်းများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article