30 C
Yangon

တောင်ကိုရီးယားနိုင်ငံရှိ မြို့ကြီးများတွင် မြန်မာ စစ်ဘေးရှောင် ပြည်သူများ ရန်ပုံငွေ ရရှိရေး ဓာတ်ပုံပြပွဲ ပြုလုပ်မည်

Must read

တောင်ကိုရီးယားနိုင်ငံရှိ မြို့ကြီးများတွင် မြန်မာ စစ်ဘေးရှောင် ပြည်သူများ ရန်ပုံငွေ ရရှိရေး ဓာတ်ပုံပြပွဲ ပြုလုပ်မည်

ရန်ကုန်၊ မေ ၁၄

တောင်ကိုရီးယားနိုင်ငံရှိ မြို့ကြီးများတွင် ပြည်ပရောက် မြန်မာ တော်လှန်လူငယ် အဖွဲ့အစည်းများ ဦးဆောင်ကာ စစ်ဘေး ရှောင်ပြည်သူများ ရန်ပုံငွေ ရရှိရေး မြန်မာ့အရေး ဓာတ်ပုံပြပွဲ ပြုလုပ်မည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို Myingyan Generation-Z Group၊ Photographer’s Supporting – Korea၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်အဖွဲ့ – AFTနှင့် ဆန်အလှူ ဆေးအကူ ခရီး စသည့် အဖွဲ့အစည်းများက ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ မေလ ၁၄ ရက်နေ့တွင် အင်ချွန်းမြို့ ဘူဖြောင်းဘူတာ အဝိုင်းတွင် ဓာတ်ပုံပြပွဲ ကျင်းပ ပြုလုပ်နေပြီး ဒယ်ဂူးမြို့၊ ဘူဆန်မြို့၊ ဆူ၀မ်မြို့နှင့် တခြားမြို့များတွင် လာမည့် စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း ၁ လကြာ လှည့်လည် ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ​၏ လက်ရှိပကတိ အချိန်ကာလကို တောင်ကိုရီးယားနိုင်ငံ အစိုးရနှင့် ပြည်သူ ပြည်သားများ သိရှိစေလိုခြင်းနှင့် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကျည်ကွယ်ရာ အရပ်မှာရောက်နေပြီး မိမိနိုင်ငံ မြန်မာ့အရေးကို သွေးမအေးသွားကြပဲ ဆက်လက်အားစိုက်၍ ပါဝင်စေလိုခြင်း တို့ကို ရည်ရွယ်၍ ယခုအစီစဉ်လေးကို ကျင်းပလိုက်ရခြင်းဖြစ်ကြောင်း၊ ပိုမိုများပြားလာသော မြန်မာစစ်ဘေးရှောင် ပြည်သူများကိုထိရောက်စွာပံ့ပိုးကူညီပေးနိုင်ရန်အတွက်လည်း

ရန်ပုံငွေ အလှူခံခြင်း အစီစဉ်ကိုလည်း ပြင်ဆင်ထားတာဖြစ်လို့ ပါဝင်လှူဒါန်းပေးကြဖို့ လေးစားစွာတိုက်တွန်းအပ်ကြောင်း ပြသဦးဆောင်ပြုလုပ်သည့် လူငယ် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article