30 C
Yangon

မြဝတီမြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး

Must read

မြဝတီမြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်သည်။

မေလ ၁၁ ရက်နေ့တွင် တနေကုန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရရှိမှုမသိရ ကြောင်း၊ မေလ ၁၂ ရက် နေ့တွင် ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသော ကင်းနေရာသို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးခဲ့ရာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့မှလည်း ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက် နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ(၆)၊ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ် ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကြောင်းမှာ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ BGF (၁၀၁၉) တပ်ရင်းတို့ ဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article