28 C
Yangon

ယင်းမာပင်တွင် မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး ခရိုင် PDF တပ်ရင်း အမှတ် ၂၉ စခန်း ပျက်စီးကာ စားနိပ်ရိက္ခာများ လိုအပ်နေ

Must read

ယင်းမာပင်တွင် မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး ခရိုင် PDF တပ်ရင်း အမှတ် ၂၉ စခန်း ပျက်စီးကာ စားနိပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး ခရိုင် PDF တပ်ရင်း အမှတ် ၂၉ စခန်း ပျက်စီးကာ စားနိပ်ရိက္ခာများ လိုအပ်နေကြောင်း ယင်းမာပင် ခရိုင် PDF တပ်ရင်း အမှတ် ၂၉ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၉ ဒေါင်းမင်း တပ်ခွဲ ၁ စခန်း ထိခိုက်ပျက်စီးခဲ့ပြီး စားနိပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

” ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၉ ဒေါင်းမင်း တပ်ခွဲ ၁ စခန်းပါ ရဲဘော်တွေ မုန်တိုင်းကြောင့် ရိက္ခာ အခက်အခဲ ဖြစ်နေပါတယ်။ ပြီးတော့ မေလ ၁၀ ရက်နေ့က ပုလဲမြို့နယ် ကန့်ဒေါင့် စခန်းသိမ်းတုန်းကလည်း ကျည် ၅၀၀ ကျော်လောက် ကုန်ကျခဲ့ပြီး ခုလို မုန်တိုင်းဝင်တော့ ကျွန်တော်တို့ ဒုက္ခ ရောက်နေရပါတယ်။ လက်နက်ခဲယမ်း တွက်ကော စားနပ်ရိက္ခာပါ ပြန်ဖြည့်တင်းရမာမို့ တစ်လလောက် တိုက်ပွဲတွေ ရပ်ဆိုင်းရမယ့် အနေအထားဖြစ်နေတယ်” ဟု ယင်းမာပင် ခရိုင် PDF တပ်ရင်း အမှတ် ၂၉ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article