35 C
Yangon

ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် စုဆောင်းရေးတပ် ဂိတ်ပေါက်ဝ၌ ထွက်လာသော အ ကြမ်းဖက်စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၇ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့၊ စုဆောင်းရေးတပ် ၄ ဂိတ်ပေါက်၌ ပါဆယ် မိုင်းချထားခဲ့ပြီး ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို အဝေးထိန်းထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ အ ပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂိတ်ပေါက်ဝကို ဆိုင်ကယ်သွားပြီး မိုင်းကို ချထားတဲ့တာ၊ အမှုမဲ့အမှတ်မဲ့ဆိုတော့ ဘယ်သူမှ မသိလိုက် ဖူး၊ ဆိုင်ကယ်နဲ့ထွက်လာတဲ့ နှစ်ကောင်ကို အဝေးထိန်းမိုင်းနဲ့ခွဲခဲ့တာပါ၊ မိုင်းကွဲပြီးတဲ့အချိန်ကျတော့ ရမ်း သမ်းပစ်ခတ်တာတော့ရှိတယ်၊ ကျနော်တို့ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းတပ်ခွဲ (၁)NaungYoe Armyနှင့် ရွှေဘိုကျားကြီး ပြောက်ကျား တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပါဆယ်မိုင်း ၃ လုံး အသုံးပြုခဲ့ကြောင်း သိရ သည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နယ်ခြားရွာအနီး၌ မဲလံဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်သားများ ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရသည်။

ယနေ့‌ မေလ ၁၈ ရက် နံနက် ၇ နာရီခန့်က ဘီးလင်းမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများအား ကို နယ်ခြားရွာအနီးအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၂ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေအား စုံစမ်းနေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ၊ KNU / KNLA တပ်ခွဲ ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article