29 C
Yangon

မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီး

Must read

မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီး

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော​ကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့နယ်၊ မြေနဲကျေးရွာ စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သာသနာ့ နယ်မြေ အတွင်း လက်နက်ကြီးကျည် ကျရောက်ကာ ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

” လူထိခိုက်မှုတော့ မရှိဘူး။ သာသနာ့ နယ်မြေ အတွင်း ကျရောက် ပေါက်ကွဲပြီး ဘုရားစေတီနဲ့ ကျောင်းဆောင်အချို့ ပျက်စီးခဲ့တယ်” ဟု မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article