38 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို KNLA-PDF တပ်တွေကိုနေ ပူးပေါင်းတိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၂၅ ဦးသေသွားပြီး ၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ဒဏ်ရာ ရထားတယ်လို့ KNU တပ်မဟာ ၁ နယ်မြေမှာ စုဖွဲ့ထားတဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို PDF တပ်ပေါင်းစုတွေကနေ ခုခံတိုက်ခိုက်ရာမှာ မေလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကြောင်းမှူး တစ်ဦးအပါအဝင် အယောက် ၆၀ ထက်မနည်း သေထားတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မေလ ၁၇ ရက်နေ့ အထိ စာရင်းအရ သေဆုံးသူ ၄၅၅ ဦးအထိ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကနေ ပြောထားတဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article