30 C
Yangon

မိုးကောင်းတွင် စရဖ ဗိုလ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရေဦးတွင် ကြံ့ဖွတ်ပါတီဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ၁ ဦး ဖမ်းဆီးခံရ

Must read

မိုးကောင်းတွင် စရဖ ဗိုလ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရေဦးတွင် ကြံ့ဖွတ်ပါတီဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှ စရဖ ဗိုလ်သန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှ အကြမ်းဖက် စစ်တပ်လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ – စရဖ မှ ဗိုလ်သန်းထွန်းဝင်းကို ပြည်သူ့ကာကွယ်ရေး မိုးကောင်းမြို့ပြအဖွဲ့က နမ္မတီးကျောက်တောင် ရှုခင်းသာဆိုင်၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

အလားတူ မေလ ၁၆ ရက်နေ့ ည ၁၀ နာရီခန့်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တူမောင်းကျေးရွာနေ ကြံ့ဖွတ်ပါတီဝင် အသက် ၃၉ နှစ်အရွယ် ဦးတင်မောင်ဌေးနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဒေါ်ခင်မျိုးတို့ကို အမည်မသိ သေနတ် သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် ယနေ့ မေလ ၁၈ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်တပ်ထောက်ခံအားပေးပြီး နေ အိမ်၌ ကြံ့ဖွတ်ပါတီဝင်ဆိုင်ဘုတ်ထောင်ထားသူ ရေဦးမြို့နယ်၊ ရေဦးကုန်းအုပ်စု၊ နွားပေါင်ကျေး ရွာနေ သူ အသက် ၁၈ နှစ်အရွယ် ဇင်ကိုကိုထွန်းကို အမည်မသိ လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article