28 C
Yangon

အုတ်ဖိုတွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးကို ပဲခူးရိုးမထဲ၌ စစ်သားများက အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်

Must read

အုတ်ဖိုတွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးကို ပဲခူးရိုးမထဲ၌ စစ်သားများက အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်

ရန်ကုန်၊ မေ ၁၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးကို ပဲခူးရိုးမထဲ၌ စစ်သားများက အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မှဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ခမရ ၆ ၌ ဖမ်းဆီးထားသည့် အုတ်ဖိုမြို့နယ် တံငါကုန်းရွာနေ ကိုမြမင်းထက်နှင့် မသက်သက်ဦး တို့ လင်မယား ၂ ဦးကို ဝိုင်းရဲစခန်းကို ခေါ်ဆောင်လာပြီးနောက် အကြမ်းဖက် စစ်သား ၁၅ ဦးက ပဲခူး ရိုးမအတွင်းကို ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်သားများက ပဲခူးရိုးမ အတွင်းရှိ PDF စခန်းကို လိုက်လံ ပြသခိုင်းပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ကိုင်းချိုကြီးရွာနှင့် လက်ပံပင်ခုန်ရွာ အကြားတွင် အကြမ်းဖက် စစ်သားများက မသက်သက်ဦးကို မုဒိန်းကျင့်ပြီးနောက် ၂ ဦးလုံးကို ပစ်သတ် မြေမြုပ်သွားကြောင်း သိရှိရသည်။

“အုတ်ဖိုက ဖမ်းထားတဲ့ လင်မယားကို စစ်ခွေးတွေက ပဲခူးရိုးမထဲခေါ်ပြီး အမျိုးသမီးကို မုဒိမ်ကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်လိုက်တယ်။ အလောင်းက မြုပ်ထားတာ ခွေးကယက်ရင်း ပေါ်လာတယ်လို့ သိရတယ်။ အလောင်းက မိုင်းထောင် ထားတယ်ပြောနေလို့ မိုင်းရှင်းဖို့လုပ်နေပါတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကိုမြမင်းထက်နှင့် မသက်သက်ဦး တို့ လင်မယား ၂ ဦးကို မေလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကြို့ပင်ကောက်မြို့နယ် သာစည်ကျေးရွာ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကြို့ပင်ကောက်မြို့နယ် မြကန်သာလမ်းနေ ကိုကတုံး ဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပြန်လည်ခုခံသည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article